Chrome Browser သုံးပြီး Proxy ကျော်မယ်
မင်္ဂလာပါခင်ဗျာ... အွန်လိုင်း တက်ဖြစ်လို့ ပိုစ့်တွေလည်း မတင်ရတာကြာပြီဗျာ.... ဒီနေ့တော့
ပိုစ့်လေးတပုဒ် ကြိုးစားတင်မယ်ဆိုပြီး လိုင်ပေါ် ကုတ်တက်လာခဲ့ပါတယ်ခင်ဗျ... :D
ခုကျတော်တင်ပြမှာက Chrome Browser သုံးပြီး ကျော်ခွနည်းလေးပါ... မသိသေးသောသူများ
အတွက်ရည်ရွယ်တာပါခမျ.... သိပြီးသူတွေလည်း ဖတ်ပြီး မှားတာရှိရင် ဝေဖန်ပေးကြပါနော်..
ဒီနည်းလေးက လွယ်ကူလွန်းတာမို့ အခြေခံသမားများပါ အလွယ်တကူ သုံးနိုင်ကြမှာပါ...
အရင်ဆုံး Chrome Browser ကိုဖွင့်ပြီး ပုံလေးအတိုင်း Menu >>> Setting ကိုသွားပါ...
ပြီးရင် အောက်ကပုံအတိုင်း Extensions >>> Get More Extensions ကိုသွားပါ...
ပြီးရင်အောက်ကပုံအတိုင်း Search Box မှာ Geoproxy လို့ရိုက်ပြီး ပေါ်လာရင် Freeဆိုတဲ့နေရာကိုနှိပ်ပါ...
အောက်မှာ အမှတ်စဉ်အလိုက် မြှားထိုးပြထားပါတယ်...
ခဏလေးစောင့်ပြီး အောက်ကပုံအတိုင်းပေါ်လာရင် Add ကိုနှိပ်လိုက်ပါ...
ခဏလေးထပ်စောင့်ပြီးရင်တော့ Geoproxy ကို Chrome ထဲ Add ပြီးကြောင်းအောက်ကလို
မက်ဆေ့ပေးပါမယ်... ဒါဆိုရင် စသုံးနိုင်ပါပြီ....
သုံးနည်းကတော့ အောက်ကအတိုင်း Menu ဘေးမှာပေါ်နေတဲ့ G ပုံနဲ့ Logo ကိုကလစ်လိုက်ပါ...
ပြီးရင် အောက်ကပုံအတိုင်းပေါ်လာရင် Select ကိုနှိပ်ပြီး မိမိလိုချင်တဲ့ နိုင်ငံကိုနှိပ်ပါ....
ပြီးရင် ဘေးနားက Search ကိုနှိပ်လိုက်ပြီး ခဏလေးစောင့်နေလိုက်ရင်
အောက်ကပုံအတိုင်း ပေါ်လာမှာပါ... မိမိနှစ်သက်ရာ proxy ကုဒ်ကို နှိပ်ပြီးသုံးနိုင်ပါပြီ...
အကယ်၍ Proxy နဲ့ မသုံးချင်တော့ဘူးဆိုရင်တော့ အောက်ကပုံအတိုင်း Do not use proxy ကိုနှိပ်ပြီး
ပိတ်ထားနိုင်ပါတယ်ခင်ဗျာ.... အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်...
ဒီပိုစ့်လေးဟာ အသုံးတည့်ခဲ့မယ်ဆိုရင် သင့်ရဲ့ မိတ်ဆွေများကိုလည်း Share ပေးပါဦးလို့....
ဒီပိုစ့်လေးကို PDF ဖိုင်အဖြစ်ဒေါင်းယူရန်
RSS Feed
Twitter




6:10 AM
Unknown










Posted in
0 comments:
Post a Comment