Monday, April 14, 2014


Single Language ဖြစ်နေတဲ့ ဝင်းဒိုးတွေမှာ မိမိတို့ အသုံးပြုလိုတဲ့ Language (English) သို့ ပြောင်းနည်း

 အခုဖေါ်ပြတဲ့နည်းကတော့ အင်တာနက်ရှိတဲ့ နေရာတွေမှာမှ အဆင်ပြေမယ့် လုပ်နည်းပါ..။ တချို့မိတ်ဆွေများ ကြုံဖူးပါလိမ့်မယ်..။ English ဘာသာနဲ့ မဟုတ်တဲ့ ဝင်းဒိုးတွေမှာ တရုတ်ဘာသာ၊ ဂျပန်ဘာသာ၊ ထိုင်းဘာသာ စသဖြင့် Single Language နဲ့ တင်ထားတဲ့ ဝင်းဒိုးတွေမှာ ဆိုရင် တခြား Language နောက်တစ်မျိုးကို ပြောင်းသုံးလို့ မရနိုင်ပါဘူး..။ အဲ့လိုဖြစ်နေတဲ့ ဝင်းဒိုးတွေမှာ ဆိုရင်တော့.. မိမိတို့ ပြောင်းသုံးလိုတဲ့ English ဘာသာ ရဖို့ဆိုရင် ဒီပိုစ့်က လုပ်နည်းလေးနဲ့ အဆင်ပြေစေမှာပဲ ဖြစ်ပါတယ်..။ 
ကျန်ခဲ့တဲ့ နှစ်ပါတ်လောက်က ကျနော့် သူငယ်ချင်းတစ်ယောက်က Windows 8.1 တစ်ခွေယူလာပေးပါတယ်..။ ကျနော်ဝင်းဒိုးတင်ကြည့်တော့ ဆွီဒင်ဘာသာနဲ့ ဖြစ်နေတယ်..။ သူလည်း မရွေးတတ်လို့ တွေ့ရာယူလာတာလို့ ပြောပါတယ်..။ Single Language ဖြစ်နေတော့ E-လို ပြန်ပြောင်းဖို့လည်း မရတဲ့အတွက် ဒီအတိုင်းပဲ ဝင်းဒိုးတင်လိုက်ရတယ်..။ ဝင်းဒိုးတင်ပြီးတော့မှ ဒီပိုစ့်က နည်းအတိုင်း လုပ်ပေးလိုက်မှ English ဘာသာကို ပြောင်းလို့ ရသွားပါတယ်..။ ဒါကတော့ ကြုံကြိုက်လာလို့ လိုက်ရှာရင်း အဆင်ပြေတဲ့ လုပ်နည်းလေးမို့.. ဒီလိုကြုံတဲ့သူများ ရှိခဲ့ရင် အလွယ်တကူ အသုံးပြုလို့ ရအောင် ပိုစ့်တင်ပေးလိုက်ခြင်း ဖြစ်ပါတယ်..။ ဟိုးအရင်တုန်းက အကိုတစ်ယောက် Cbox မှာ မေးဖူးပါတယ်.. သူသုံးနေတဲ့ ဝင်းဒိုးက ဂျပန်ဘာသာဖြစ်နေလို့ E-လို ပြောင်းသုံးချင်တာတဲ့..။ အဲ့တုန်းကတော့ ကိုယ်တိုင်မကြုံဖူးသေးလို့ လုပ်နည်းကို မရေးပေးဖြစ်ခဲ့ပါ..။ အခုတော့ ဒီလုပ်နည်းကို နောက်ပိုင်းလူများ အလွယ်တကူ အသုံးပြုလို့ ရအောင် ပုံလေးတွေနဲ့ အောက်မှာ တဆင့်စီ ရှင်းပြပေးထားပါတယ်..။

ကျနော်ဝင်းဒိုးတင်လိုက်တဲ့ စက်မှာ ဆွီဒင်ဘာသာနဲ့ ဖြစ်နေလို့ ဝင်းဒိုးတင်ပြီးတဲ့ အခါမှာတော့ အောက်ကပုံလေးအတိုင်း ကျနော်မဖတ်တတ်တဲ့ စာတွေနဲ့ ဖြစ်နေပါတယ်..။ လိုက်ပြောင်းပေးရမယ့် နေရာကလည်း အဲ့ဒီထဲမှာပဲ ဖြစ်နေတော့.. ဒီပိုစ့်မှာ ကြည့်ရအဆင်ပြေအောင် E-လို ပြောင်းပြီးအသုံးပြုနေတဲ့ အခုဒီ ဝင်းဒိုးနဲ့ပဲ ပုံတွေယူရင်း တခြား ဘာသာတခုဖြစ်တဲ့ တရုတ်စာနေရာကို ရွေးယူပြီး နမူနာအနေနဲ့ လုပ်ပြပေးထားပါတယ်..။ ပြောင်းလဲရမယ့် လုပ်နည်းတွေက အတူတူပဲ ဖြစ်ပါတယ်..။




အပေါ်ကပုံ ၂-ပုံကတော့ ဆွီဒင်ဘာသာကနေ E-လို ပြောင်းယူပြီး ယှဉ်ပြပေးထားတဲ့ ပုံလေးတွေပဲ ဖြစ်ပါတယ်..။ Windows 7 နဲ့ Windows 8 လုပ်နည်းအတူတူပဲမို့ အရင်ဆုံး မိမိတို့ ဝင်းဒိုးထဲမှ Control Panel ထဲမှ Font နေရာကနေ သွားပါတယ်..။ အောက်ကပုံလေးတွေအတိုင်းပါ..။




အပေါ်ကပုံမှာ ပြထားတဲ့နေရာကို ဝင်ပြီးရင်တော့ အောက်ကပုံမှ Add a language နေရာကနေ မိမိတို့ အသုံးပြုလိုတဲ့ ဝင်းဒိုး System Language ကို ရွေးယူပြီး ဒေါင်းယူ Install ထည့်ပေး ရမှာပဲ ဖြစ်ပါတယ်..။


ဒီပုံမှာတော့ ကျနော်က တရုတ်ဘာသာကို ရွေးယူပြထားပါတယ်..။ အရင်လုပ်ခဲ့တာကတော့ E-လို ပြောင်းတာဖြစ်လို့ အောက်ကပုံမှ အပြာရောင်နဲ့ ပြထားတဲ့ English နေရာကို ကလစ်ပြီး လုပ်သွားတာ ဖြစ်ပါတယ်..။ ဘယ်လိုပဲ ဖြစ်ဖြစ် မိမိတို့ ပြောင်းလဲ အသုံးပြုလိုတဲ့ ဘာသာစကားကို အောက်ကနည်းတွေအတိုင်း ရွေးယူပြီး အသုံးပြုနိုင်ပါတယ်..။



အပေါ်ကပုံအတိုင်း ပေါ်လာရင်တော့ Options ကနေ ဝင်ပြီး အောက်ကပုံမှာ ပြထားတဲ့ Download and install language pack စာသားနေရာကို တချက်ကလစ်ပြီး လိုအပ်တဲ့ ဖေါင့်တွေကို အင်တာနက်ကနေ ဒေါင်းယူ Install ထည့်ပေးလိုက်ရင် အဆင်ပြေပါပြီ..။


အောက်ကပုံအတိုင်း ဒေါင်းလော့ပြည့်တဲ့အထိ စောင့်နေပေးပြီး Install ပြီးသွားရင်တော့ မိမိတို့ရဲ့ စက်ကို Restart ပေးလိုက်ရင် စက်ပြန်တက်လာတဲ့အခါ မိမိတို့ လိုအပ်တဲ့ ဘာသာ၊ စာ တွေကို ဝင်းဒိုးမှာ မြင်ရပါပြီ..။


စက်ပြန်တက်လာရင်တော့ Font နေရာကို ပြန်ဝင်ပြီး နောက်ထည့်လိုက်တဲ့ Language ကို အပေါ်ကို ရောက်အောင် Move up အပေါ်ဆုံးကို တင်ထားလိုက်ပါ..။ ဒီလောက်ဆိုရင်တော့ အဆင်ပြေပါပြီ..။ အောက်ပုံမှာ ပြထားတဲ့ တရုတ်စာတွေကတော့ ဒီပိုစ့်အတွက် ကြည့်ရရှင်းအောင် လုပ်ပြထားတဲ့ နမူနာတွေပဲ ဖြစ်ပါတယ်..။



အောက်ဆုံးပုံ ၂-ပုံကတော့ ဆွီဒင်ဘာသာ ကနေ E-လို ပြောင်းယူတုန်းက ပေါ်နေတဲ့ ဆွီဒင်စာသားတွေပဲ ဖြစ်ပါတယ်..။ Download နဲ့ Install ပြီးသွားမှ စက်ကို Restart ပေးပြီးမှ E-လို အားလုံး ပေါ်ပါတယ်..။ လိုအပ်တဲ့ သူများအတွက် အဆင်ပြေအောင် ပြပေးလိုက်ခြင်းသာ ဖြစ်ပါတယ်..။ အားလုံးပဲ လေ့လာရင်း အဆင်ပြေကြပါစေ..။




                                      လွင်မင်းဗိုလ်(နည်းပညာ) မှပြန်လည်မျှဝေသည်

0 comments:

Post a Comment